AWU ၏ လုပ်ငန်းစဉ်အချို့

Monday, August 23, 2010

ရွေးကောက်ပွဲအတွက် ဆိုက်ရောက်ဗီဇာ ပိတ်မည်

မျိုးဝင်းဇော်  
 လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေစဉ်အတွင်း နိုင်ငံခြားသားများ ပြည်တွင်း၌ နည်းနေစေရန် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသည့် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို စက်တင်ဘာ (၁) ရက်နေ့က စပြီး ရပ်တော့မယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့

မြန်မာလုပ်သား ခေါ်ယူမှု ကိုရီးယား ရပ်ဆိုင်းထား

ဝီရ  

လုပ်သားများအပေါ် ချိုးဖောက်ထားသည့်အမှုများ စုံစမ်းစစ်ဆေး မပြီးသေးသရွေ့ မြန်မာအလုပ်သမား ခေါ်ယူမှုကို တောင်ကိုရီးယားနိုင်ငံက အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကိုရီးယားသို့ လုပ်သားပို့ဆောင်ရာတွင် နှစ်နိုင်ငံ အစိုးရမှ (၂) နှစ်သက်တမ်း စာချုပ်ဖြင့် လုပ်ကိုင်နေပြီး ယင်းစာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် စာချုပ်အသစ် ချုပ်ဆိုရန် ကိုရီးယားအစိုးရဘက်မှ

မဟာချိုင် ပုစွန်စက်ရုံအလုပ်သမားများ သပိတ်မှောက်

မြတ်ခိုင်ဦး  

ယနေ့နံနက်တွင် မဟာချိုင်ရှိ Asian Seafood Co.Ltd (တိမ်ပြာ) ပုစွန်စက်ရုံမှ အလုပ်သမားများ အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြမှု ဖြစ်ပွားနေသည်။

အလုပ်သမားအရေအတွက် (၃,၀၀၀) ခန့်ရှိသော မဟာချိုင်ရှိ Asian Seafood Co.Ltd ပုစွန်စက်ရုံမှ

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

မြတ်ခိုင်ဦး   


ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့်ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့်အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား

မြ၀တီတွင် ဂက်စ်အိုးဆိုင်တဆိုင် မီးလောင်ပေါက်ကွဲ


ယမန်နေ့ည ၇ နာရီခွဲခန့်တွင် မြ၀တီမြို့ အထက်တန်းကျောင်း နောက်ဘက်ရှိ ဂတ်စ်အိုးဆိုင်တဆိုင်တွင် မီးလောင်ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Monday, August 9, 2010

ထိုင်းနေစပ်ဂိတ်ပိတ်လို့ မဲဆောက်မှာ ဈေးတက်ကုန်တာ

http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=242

ထိုင်းကုန်ပစ္စည်းများ ရေလမ်းမှတင်သွင်း


 

မျိုးဝင်းဇော်   

ထိုင်းကုန်ပစ္စည်းများ အဓိက တင်သွင်းနေသည့် မြဝတီနယ်စပ်ဂိတ်ကို မြန်မာဘက်မှ ကာလကြာရှည်ပိတ်ထားသောကြောင့် ရန်ကုန်နှင့် အခြားမြို့ကြီးတို့တွင် ထိုင်းကုန်စည်များ ဈေးကြီးမြင့်ပြတ်လပ်နေသဖြင့် ရေလမ်းမှ မှောင်ခိုသွင်းမှုများ ရှိလာနေကြောင်း ညောင်ပင်လေးဈေးမှ လက်ကားဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ထိုင်းကုန်စည် လက်ကား ဖြန့်ဖြူးသူတဦးက လက်ရှိ ဈေးကွက်ထဲမှာ ထိုင်းနိုင်ငံကနေ သွင်းတဲ့ ကိုကာကိုလာ၊ စပရိုက် ဒဿမ (၇၅) လီတာနဲ့ (၁) လီတာ ဘူးတွေဆို ပစ္စည်းလုံးဝပြတ်နေတယ်။ ကုန်တိုက်တွေ၊ ဈေးဆိုင်တွေမှာလည်း လက်ကျန် လုံးဝ မရှိဘူး။ ကျန်တဲ့ ဘတ်ဒီ၊ မာစတာကပ် စတဲ့ ကော်ဖီမစ်ထုတ်တွေ၊ ကွင်းအချိုရည်
ပုလင်းတွေ၊ ငါးသေတ္တာဘူးတွေ၊ မုန့်ပုံးတွေဆို (၂၅) ကနေ (၃ဝ) ရာခိုင်နှုန်းလောက် ဈေးမြင့်သွားတယ်။

ဘွဲ့ရ လူငယ် တဦး မတရားသဖြင့် ထောင်ဒဏ် ချမှတ်ခံရ



မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့မှ ဘွဲ့ရ လူငယ် တဦးကို အမူနှင့် တစုံတရာ ပတ်သက်မူ မရှိဘဲ မြို့နယ် တရားသူကြီး ဦးတင်စိုးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း အဆိုလူငယ်၏ ကျောင်းနေဘက် သူငယ်ချင်းများက နိရဉ္စရာသို့ ရေးသားပေးပို့သော စာတွင် ဖေါ်ပြထားသည်။

Wednesday, August 4, 2010

Wednesday, May 5, 2010

စိစစ်ရေးကြောင့် သတင်းထောက်နှင့် နိုင်ငံရေးသမား အထင်လွဲမှု ဖြစ်ပွားရ

 NEJ / may / 5 /2010

နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများဆိုင်ရာ သတင်း၊ ဆောင်းပါးနှင့် အင်တာဗျူးများကို စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်၊ ဖြတ်တောက်မှုများကြောင့် နိုင်ငံရေးပါတီများနှင့် ဂျာနယ်များအကြား မကြာခဏ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း ပုဂ္ဂလိကသတင်းဂျာနယ် သတင်းထောက်တဦးက “ကျမက နိုင်ငံရေးပါတီတခုကို သွားတယ်။ အဲဒီမှာ အင်တာဗျူးလုပ်ခဲ့တယ်။ နောက် ပါတီခေါင်းဆောင်တယောက်ရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း မေးမြန်းခဲ့တယ်။ ဒါကို ရေးပြီး စာပေစိစစ်ရေး တင်တယ်။ စိစစ်ရေးက အင်တာဗျူးကို ဟိုဖြတ် သည်ဖြတ် ခုတ်ထစ်လိုက်တယ်။ ကိုယ်ရေးအကျဉ်းကိုတော့ ဖော်ပြခွင့်မပေးဘူး။ ဂျာနယ်ထွက်လာတော့ အဲဒီ ပါတီခေါင်းဆောင်က တိုက်ကို လှမ်းမေးတယ်။ ကျမက ရုံးတင်တဲ့ စာမူကြမ်းကိုကိုင်ပြီး အဲဒီ ပါတီခေါင်းဆောင်ကို သွားရှင်းပြလိုက်ရတယ်။ စိစစ်ရေးကြောင့် ပါတီခေါင်းဆောင်တွေက ကျမတို့ကို အထင်အမြင်လွဲတာ အကြိမ်ကြိမ်ပဲ” ဟု ရှင်းပြသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ